Local News

ကချင်ပြည်နယ်၏ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်မှ ၁၄ ရက် အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်မှ ၁၄ ရက်နေ့များအတွင်း တင်ပို့ခဲ့သည့်ကုန်ပစ္စည်းများမှာ သစ်သျှူးငှက်ပျော၊ ပိုးလုံးအိမ်၊ ငရုတ်သီး(အခြောက်)၊ ရာဘာ၊ ဆန် နှင့် ဆန်ကွဲများတင်ပို့ခဲ့ကြောင်းသိရှိရပါသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏသည် ၃၆၉၈၃၃ ဒဿမ ၆၃  ကန်ဒေါ်လာ ဖြစ်ပြီး၊ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏‌ငွေပမာဏမှာ ၁၂၅၀၀၀ ဒေါ်လာဖြစ်၍ တင်ပို့ကုန်၏  ငွေပမာဏစုစုပေါင်းတန်ဖိုးမှာ ၄၉၄၈၃၃ ဒဿမ ၆၃ ကန်ဒေါ်လာတင်ပို့မှုရှိခဲ့ပါသည်။

သွင်းကုန်ပစ္စည်းများမှာ  ဆေးဝါးပစ္စည်းများ၊ ဇာနှင့်ဇာထိုးထားသော အထည်အလိပ်များ၊ ချည်ထည်များ၊ လျှပ်စစ်ဓါတ်ဖြန့်ဖြူးရေးနှင့်တပ်ဆင်ရေးပစ္စည်းများ၊ အပ်ချည်ကြိုးများ၊ မော်တော်ယာဉ်နှင့်မော်တော်ယာဉ်ပစ္စည်းများ၊ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ လျှပ်စစ်မီးသီးနှင့် မီးချောင်းများ၊ ချုပ်ပြီးအဝတ်အထည်နှင့် အခြားပစ္စည်းများ တင်သွင်းမှုရှိခဲ့ပါသည်။ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ ၇၈၃၈၈ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ ၁၃၇၄၂၂ ဒဿမ ၇၄ ဖြစ်၍ တင်သွင်းကုန်၏ စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၂၁၅၈၁၀ ဒဿမ ၇၄  တင်သွင်းမှုရှိခဲ့ပါသည်။

မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် သုည ဒဿမ ၃၄၃ ယွမ်ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၉၁ ဒဿမ ၅၄ ကျပ်ရှိကြောင်းသိရှိရပါသည်။

 

မနောမြေကုန်သွယ်မှုဗဟိုဌာန

 

Category: Local News